မော်လိုက်မြို့ဂေါက်ကွင်းကို(၁၉၃၆)ခုနှစ်တွင်စတင်ဖောက်လုပ်ခဲ့ပြီး
မေမြို့ ဂေါက်ကွင်း သရက်ဂေါက်ကွင်း ပြီးလျှင် ရှေးအကျဆုံး ဂေါက်ကွင်းဖြစ်ပါသည်။
ယခင်ကဂေါက်ကွင်း(၁၈)ကျင်းရှိခဲ့ပြီး ယခုအခါ(၉)ကျင်းသာရှိပါသည်။
မော်လိုက်ဂေါက်အသင်းကို(၁၉၇၆)ခုနှစ်တွင်သလ္လာဂေါက်ကလပ်ဖွဲစည်းခဲ့ပြီ
မူလ အဆောက်အဦ ဟောင်းအားပြင်ဆင်ဆောက်လုပ်ခဲ့ပါသည်။အသင်း၏တံဆိပ်မှာ
“ကြံ့” တံဆိပ်ဖြစ်ပါသည်။မော်လိုက်သလ္လာဂေါက်ကွင်းမှ အသင်းဝင်ပြီးပါက
အင်္ဂလန်နိုင်ငံစိန့်အင်ဒရူးကွင်းတွင် ၀င်ကြေးမပေးရဘဲ ပါဝင်ကစားခွင့်ပြုကြောင်း
သိရပါသည်။ (၁၉၇၆/၈၀)ခုနှစ်များတွင် ဂရင်းမြက်ခင်းများပြုပြင်ဆောင်ရွက်ခဲ့သော်လည်း
ရေရရှိမှုအခက်အခဲကြောင့် အောင်မြင်မှုမရှိခဲ့ပါ။၂၀၀၈-ခုနှစ်တွင် ကျင်းနံပါတ်(၉)အားဂရင်းမြက်ခင်း
အဖြစ် ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ကျင်း(၈)ကျင်းကို ၂၀၀၉-ခုနှစ်တွင် ဂရင်းမြက်စိုက်နိုင်ရန်
ပြုပြင်ပြီးဖြစ်ပါသည်။
လက်ရှိကျင်း(၉)ကျင်းမှာ အလျား(၃၁၅၀)ကိုက်ရှိပြီး [ပါ(၃)ကျင်း (၂)ကျင်း]
[ ပါ(၄)ကျင်း(၅)ကျင်း ] နှင့် [ ပါ(၅)ကျင်း(၂)ကျင်း] ဖြစ်ပါသည်

No comments:
Post a Comment