တချို့ အမျိုးသမီးတွေက
ရုပ်လှဖို့အတွက် အလှပြင်နေချိန်မှာ
တချို့ အမျိုးသမီးတွေက
စိတ်လှဖို့အတွက် စာဖတ်နေတယ်။
တချို့ အမျိုးသမီးတွေက
ယောက်ျားတွေကြည့်တာကို သာယာပြီး
အလှပြင်နေချိန်မှာ
တချို့ အမျိုးသမီးတွေက
ယောကျာ်းတွေနဲ့ ရင်ဘောင်တန်းပြီး
အလုပ် လုပ်ပြနေတယ်။
တချို့ အမျိုးသမီးတွေက
မဖော်ပြသင့်တဲ့ အရာတွေကို
မိုက်မဲစွာ လှစ်ဟပြနေချိန်မှာ
တချို့ အမျိုးသမီးတွေက
ဖော်ပြသင့်တဲ့ ပညာကို
ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသပြီး
လောကကောင်းကျိုး ဆောင်ရွက်နေတယ်။
တချို့ အမျိုးသမီးတွေက
မိဘကို
မီးလို အပူတွေ ပေးနေပေမယ့်
တချို့ အမျိုးသမီးတွေက
မိဘကို
ထီးလို အရိပ်မိုးပြီး အေးမြစေတယ်။
တချို့ အမျိုးသမီးတွေက
လောကီစည်းစိမ်ဥစ္စာတွေကိုသာ
စုဆောင်းနေကြပေမယ့်
တချို့ အမျိုးသမီးတွေက
လောကီ လောကုတ္တရာ
နှစ်ဖြာသော စည်းစိမ်ဥစ္စာတွေကို
လိမ္မာပါးနပ်စွာ စုဆောင်နေကြတယ်။
သည်လိုနဲ့
တချို့ အမျိုးသမီးတွေက
အသက်ကြီးလာတာနဲ့အမျှ
စိတ်ဆင်းရဲမှုတွေလည်း
များပြားလာခဲ့ပြီး
တချို့ အမျိုးသမီးတွေကတော့
အသက်ကြီးလာတာနဲ့အမျှ
စိတ်ချမ်းသာမှုတွေ
ဦးတိုးအောင်

No comments:
Post a Comment