စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် မြို့မဘုန်းတော်ကြီးကျောင်း၌ နှစ်စဉ်ကျင်းပ ဖွင့်လှစ်မြဲဖြစ်သည့်
(၂၂)ကြိမ်မြောက် မိုးကုတ်ဝိပဿနာ အလုပ်ပေးတရားစခန်းကို ဇန်န၀ါရီလ (၂၃)ရက်နေ့၌ အဆိုပါမြို့မကျောင်းတိုက်တွင်
ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အလုပ်ပေးတရားစခန်းသို့ မန္တလေးမိုးကုတ်ဝိပဿနာကျောင်းမှ
ဆရာတော် များလာရောက် သင်ကြားဟောပြောပြသခဲ့ကြပြီး၊ ညပိုင်းများတွင်လည်း တရားပွဲများကို
စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ထိုမိုးကုတ်ဝိပဿနာအလုပ်ပေးတရားစခန်းသို့ မော်လိုက်မြို့ပေါ် ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များ၊သီလရှင်များ၊ရပ်ကွက်/ ကျေးရွာများမှ ပြည်သူတို့ ၀င်ရောက်တရားအားထုတ်ခဲ့ကြောင်းနှင့်
အလုပ်ပေး တရားစခန်းကို (၇)ရက်တိတိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment