မော်လိုက်မြို့ မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
မော်လိုက် ဇန်န၀ါရီ ၁၅
``မိုးမှာ လေ့ကျင့်၊ဆောင်းမှာ စစ်ဆေး၊ နွေမှာအသင့်ရှိရေး´´
ဆိုသည့် ဆောင်ပုဒ် နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်မြို့နယ် မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး
ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇန်န၀ါရီလ(၁၅)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် အဆိုပါ မြို့မဈေးအတွင်း၌
ကျင်းပသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး
ဒုတိယ ရဲမှူးကြီး ကျော်မိုး၊ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊
အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးသူ/သားများတက်ရောက်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် မော်လိုက်မြို့နယ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
ဦးစီးအရာရှိ ဦးအောင်ကိုမင်း ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ဈေးသူ/သားတို့
ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် မီးငြိမ်းသတ်ယာဉ်
(၂)စီး၊ အပေါ့စားမီးသတ်စက်(၁)လုံး၊ မီးသတ်ဆေးဗူးများဖြင့် မီးငြိမ်းသတ်မှုများအား လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
``ကျွန်တော်တို့ မော်လိုက်မြို့ မြို့မဈေးမီးဘေးကြိုတင်ကာကွယ်ရေး
ဇာတ်တိုက် လေ့ကျင့်ခြင်းများကို အရင်နှစ်တွေကဆိုရင် မီးငြိမ်းသတ်ယာဉ်(၁)စီးဖြင့်သာ
ဇာတ်တိုက် လေ့ကျင့်ခဲ့ကြပြီး၊ အခုဆိုရင် အဆင့်မြင့်မီးငြိမ်းသတ်ယာဉ်များ၊ အပေါ့စားမီးသတ်စက်များ၊ မီးသတ်ဆေးဗူးများနှင့် လက်တွေ့ကျကျေ
လ့ကျင့်ဇာတ်တိုက်ရတာ ကျွန်တော်လို ဈေးသူ/သားတွေအတွက်
အတွေ့အကြုံကောင်းတွေရစေပြီး အခုလို အဆင့်မြင့် မီးငြိမ်းသတ်ယာဉ်များကို ထောက်ပံ့ပေးအပ်သည့်အတွက်
အလွန်မှဝမ်းမြောက်ပီတိ ဖြစ်ရပါသည်။မော်လိုက်မြို့နယ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များကလည်း
မီးဘေးကြိုတင် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများသာမက ရပ်ကွက်အတွင်းများသို့လည်း
လှည့်လည်၍ မီးသုံးစွဲလျှင် သတိရှိဖို့၊ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး လိုက်လံနှိုးဆော်
သတိပေးခြင်းများ ပြုလုပ်နေကြသည်မှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၏ ဒေသခံ ပြည်သူများအပေါ်
ထားရှိသည့် စေတနာ၊ မေတ္တာများကိုမြင်တွေ့နေရသည့်အတွက် ပြည်သူများ၏ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း´´
ဒေသခံဈေးသည်တစ်ဦးထံမှ ကြားသိရသည်။