Monday, July 6, 2015
“လွမ်းမောနေ့ရက်များ.....” ဒု-မြို့နယ်ဘဝနဲ့ ရွှေဘိုမြို့မှာတာဝန်ထမ်းဆောင်နေတာ ၆ လခန့်ရှိလာတဲ့ တစ်နေ့ ရုံးမှာ အလုပ်လုပ်နေတုန်း (ထိုစဉ်က)ရွှေဘိုခရိုင်ဥပဒေအရာရှိ ဆရာဦးပေါဟန်(ယခု အငြိမ်းစားယူသွားပါပြီ)က ကျွန်တော့်စားပွဲရှေ့ရောက်လာပြီး ``ကိုသူရိန်၊ ကွန်ဂရက်ကျူလေးရှင်း ခင်များ မော်လိုက်ကို မြို့နယ်ဥပဒေအရာရှိ(တာဝန်)အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါပြီ ရုံးချုပ်က ယခုပဲ ဖုန်းဆက်တယ် တဲ့ ကျွန်တော်က သတ်မှတ်ချက်အရ ပြောင်းရဖို့နီးပြီဆိုတာ သိပြီးသားမို့ မော်လိုက်ဆိုတာ ဘယ်နားကလဲ ဆရာလို့ မေးတော့ ကျွန်တော့်အခန်းလိုက်ခဲ့ မြန်မာပြည်မြေပုံရှိတယ်လို့ ပြောပြီး ဆရာပေါက သူ့အခန်းကိုခေါ်သွားတယ် မြေပုံမှာကြည့်လိုက်တော့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တွေနဲ့ နီးစပ်နေပြီဖြစ်တဲ့မြို့ဆိုတာ တွေ့မြင်လိုက်ရတယ် အဲဒီနေ့ပါပဲ မော်လိုက်မှာ ကျွန်တော်နဲ့တာဝန်လွှဲပြောင်းရမယ့် ဆရာဦးတင်မင်းဦးက ဖုန်းဆက်တယ် မုံရွာမြို့ကနေ အမြန်ရေယာဉ်(ရှပ်ပြေး)စီးလာဖို့ သီဟထွန်း၊ အေးငြိမ်းချမ်းသာ၊ ရွှေနဒီ၊ MGRG ရေယာဉ်လိုင်းအမည်တွေ ပြောပြပါတယ် ထိုစဉ်က ကားလမ်းရှိနေပြီဖြစ်ပေမယ့် အဆင်မပြေသေးဘူး(ယခုလည်း အတူတူပါပဲ လကမ္ဘာမျက်နှာပြင်လို့ ကျွန်တော်က သတ်မှတ်ထားတာ) (၂၈. ၁၂. ၂၀၁၂)ရက်နေ့ ရွှေဘိုကနေ မုံရွာ၊ မုံရွာက သူငယ်ချင်း ယဉ်ဝေ ကူညီလို့ ရှပ်ပြေးလက်မှတ်ရပြီး ဆိပ်ကမ်းနဲ့နီးအောင် ယမင်း အိမ်မှာတည်းခိုလို့ (၂၉. ၁၂. ၂၀၁၂)ရက်နေ့ နံနက် ၄ နာရီကျတော့ ပထမဆုံးမြင်ဖူးစီးဖူးရတဲ့ ရှပ်ပြေးဆိုတာကြီးနဲ့ ချင်းတွင်းမြစ်ကို ဆန်တက်လာခဲ့ရတာပေါ့ ဇာတိပျဉ်းမနား အိမ်နောက်ဘက်မှာရှိတဲ့ ငလိုက်ချောင်းထဲ အိမ်ကမသိအောင် သွားဆော့ရင်း ရေနစ်ခဲ့ပြီးကတည်းက ရေဆိုကြောက်နေတဲ့ အညာသားက မြစ်ဆိုတာထဲခရီးသွားရတော့ ပိုကြောက်နေပေမယ့် ဟန်လုပ်နေတာပေါ့ ည ၇ နာရီလောက်ကျတော့ မော်လိုက်ရောက်ရော(ဒါတောင် ရေကြောင်းကောင်းသေးတဲ့အချိန်မို့) ဆရာဦးတင်မင်းဦးက ဆိပ်ကမ်းလာကြိုပါတယ် ထိုစဉ်က ရေယာဉ်တွေ မော်လိုက်မှာ ညအိပ်ကြရတော့ ကမ်းနားလမ်းတလျောက် ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ တည်းခိုခန်းတွေကြောင့် စည်ကားပါတယ်(ယခုတော့ ညမအိပ်ကြတော့လို့ အဲဒီမြင်ကွင်းကို မတွေ့မြင်ရတော့ပါဘူး) မြို့မီးပေးချိန်က ထိုစဉ်က ၂ နာရီ(ည ၇ နာရီကနေ ၉ နာရီအထိ) ယခုတော့ ၄ နာရီ ရရှိပါပြီ (၂. ၁. ၂၀၁၃)ရက်နေ့ကြတော့ အလုပ်လွှဲပြောင်းလက်ခံလုပ်ကြတာပေါ့ ရောက်ကာစလည်းဖြစ် တစ်ကိုယ်တည်းသမားလည်းဖြစ်တဲ့ ကျွန်တော့်အတွက် ကျွန်တော်နေခဲ့ရတဲ့မြို့နဲ့နှိုင်းယှဉ်ရင် တစ်ရပ်ကွက်စာပဲရှိပြီး လည်ပတ်စရာမရှိတဲ့ မော်လိုက်မြို့ဟာ နေပျော်စရာမကောင်းပါဘူး အိမ်နဲ့ဖုန်းပြောရင် အလုပ်ထွက်မယ် မနေနိုင်ဘူး တစ်ယောက်တည်းကြာရင် ရူးလိမ့်မယ်လို့ပြောတော့ အန်တီက ၁ လလောက်နေကြည့်ပါ မရရင် သား သဘောပဲ ၁ လပြည့်ပြန်တော့လည်း နောက် ၁ လနေကြည့်ပါဦးပေါ့ အဲဒီအချိန်မှာ ရုံးက ကြီး/ရေး မလဲ့က ကျွန်တော့်အတွက် နောက် ၇ လလောက်အကြာမှာ ရုံးအကူဖြစ်လာပြီး တပည့်ကျော်ဖြစ်လာမယ့် ဖြိုးဝေကျော်နဲ့ မိတ်ဆက်ပေးတယ် အဲဒါဟာ ကျွန်တော့်ကို အပြောင်းအလဲတွေ စတင်ဖြစ်စေတော့တာပါ ဖြိုးဝေကျော်နဲ့ ကြေးနန်းရုံးကွင်းမှာ ပိုက်ကျော်ခြင်းခတ်ရင်း မြို့ခံတွေဖြစ်တဲ့ ဘိုင်လေး၊ ဘိုင်ကြီး၊ အီစမိုင်၊ ကိုစည်သူ၊ ကိုညီဇော်၊ ဖိုးကျော်၊ သံချောင်း၊ ကိုကျော်၊ ဂေးလျန်၊ သော်ဇင်၊ ဂျာကြီး၊ ကျော်ရဲအောင်၊ ငစေး၊ ကိုဘီအီး စသည်တို့နဲ့ သိကျွမ်းရင်းနှီးရင်း အခြားမြို့ခံတွေကိုပါ သူတို့ကြောင့် ရင်းနှီးလာခဲ့ပါတယ် ကင်းတပ် ငါးချဉ်ထုပ် မစိန် ကောက်ညှင်းထုပ် မော်လိုက် မြက်သီးနှုတ် ဆိုတာတွေ ချင်းတွင်းမြစ်ရေ နောက်ကျိကျိ သောက်မိရင် မောင်ကြီးမပြန်နိုင် ဆိုတာတွေနဲ့ရင်းနှီးလာခဲ့ပါပြီ ဝါတွင်းကာလဆိုရင် စာရေးကုန်းဓမ္မာရုံမှာ တစ်လ ၂ ကြိမ်အလှူငွေထည့်ဝင်ပြီး တရားနာဖြစ်သလို ဘာသာရေး လိုက်စားမှုတွေ လုပ်ပါတယ်(ဘုန်းကြီးတွေ ဆွမ်းဘုန်းပေးပြီးရင် ကိုယ်တွေပါစားကြတာကို ဆိုလိုတာပါ) ကျေးရွာတွေကိုလည်း ဟောပြောပွဲတွေကြောင့် ရောက်ဖြစ်ရင်း ရွာခံတွေနဲ့ပါ ရင်းနှီးမှုရခဲ့ရတာပေါ့ သစ္စာမွန်၊ ဆုံနေကြတို့ကိုလည်း ကျင်လည်ခဲ့တာပဲ လက်ဆေးကန်၊ တောင်တစ်လုံး၊ ဒီပင်္ကရာ၊ စစ်ဆောင်စစ်အောင်တို့ကိုလည်း ဖူးခဲ့ရတာပဲ တက်ကြွလှုပ်ရှားသူတွေနဲ့လည်း ညှိနှိုင်းခဲ့ရတာပဲ စစ်ဆေးရင်းနဲ့ ဖြန်ဖြေခဲ့ရသေးတာပဲ နှစ်အစပိုင်းတွေကြရင် ရပ်ကွက် ၂ ရပ်ကွက်က အိမ်အတော်များများကို လူမှုရေး လိုက်စားရတာပေါ့ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲကြရင် ကိုစည်နဲ့ ကိုညီရဲ့ ဗိုလ်ချုပ်ပန်းချီတွေ ကြည့်ရသလို ဓာတ်ပေါင်းစေတီတဝိုက် အားကစားပွဲနဲ့ နို့ဆီဗူးပေါက်ပွဲတွေမှာ စီးမျှောခဲ့ရတာပေါ့ ပြည်ထောင်စုနေ့ကြရင် ချင်းတွင်းမြစ်အတွင်းလှေလှော်ပြိုင်ပွဲကို ကမ်းလုံးကျွတ်အားပေးမှုတွေ ဆုံတွေ့ခဲ့ရသေး ဒီပင်္ကရာပွဲဆိုရင် ပွဲလမ်းသဘင်ရှားတဲ့ မြို့လေးအတွက် စိတ်အပြောင်းအလဲဖြစ်ရသလို နပဆရဲ့ ကျောပိုးအိတ် အကြီးအသေးကလည်း တဒင်္ဂတာ စိတ်ကျေနပ်စရာပါပဲ ရောက်တဲ့နေရာမှာ ကိုယ့်ထက်ကြီးသူတွေက ကိုသူရိန် ရွယ်တူနဲ့ ငယ်သူတွေက ဆရာ ထူးထူးခြားခြား ကြီးကြီးငယ်ငယ် တစ်မိသားစုလုံးက ဦးသူရိန်လို့ ခေါ်ဆိုကြကာ ပျူဌာလှိုက်လှဲနွေးထွေးခဲ့တဲ့ မြို့မော်လိုက်ကို သတိတရ ရှိလှပါ၏။ Thurein Htet Khaing
“လွမ်းမောနေ့ရက်များ.....”
ဒု-မြို့နယ်ဘဝနဲ့ ရွှေဘိုမြို့မှာတာဝန်ထမ်းဆောင်နေတာ ၆ လခန့်ရှိလာတဲ့ တစ်နေ့
ရုံးမှာ အလုပ်လုပ်နေတုန်း (ထိုစဉ်က)ရွှေဘိုခရိုင်ဥပဒေအရာရှိ ဆရာဦးပေါဟန်(ယခု အငြိမ်းစားယူသွားပါပြီ)က
ကျွန်တော့်စားပွဲရှေ့ရောက်လာပြီး ``ကိုသူရိန်၊ ကွန်ဂရက်ကျူလေးရှင်း ခင်များ မော်လိုက်ကို မြို့နယ်ဥပဒေအရာရှိ(တာဝန်)အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါပြီ ရုံးချုပ်က ယခုပဲ ဖုန်းဆက်တယ် တဲ့
ကျွန်တော်က သတ်မှတ်ချက်အရ ပြောင်းရဖို့နီးပြီဆိုတာ သိပြီးသားမို့ မော်လိုက်ဆိုတာ ဘယ်နားကလဲ ဆရာလို့ မေးတော့
ကျွန်တော့်အခန်းလိုက်ခဲ့ မြန်မာပြည်မြေပုံရှိတယ်လို့ ပြောပြီး ဆရာပေါက သူ့အခန်းကိုခေါ်သွားတယ်
မြေပုံမှာကြည့်လိုက်တော့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တွေနဲ့ နီးစပ်နေပြီဖြစ်တဲ့မြို့ဆိုတာ တွေ့မြင်လိုက်ရတယ်
အဲဒီနေ့ပါပဲ မော်လိုက်မှာ ကျွန်တော်နဲ့တာဝန်လွှဲပြောင်းရမယ့် ဆရာဦးတင်မင်းဦးက ဖုန်းဆက်တယ်
မုံရွာမြို့ကနေ အမြန်ရေယာဉ်(ရှပ်ပြေး)စီးလာဖို့ သီဟထွန်း၊ အေးငြိမ်းချမ်းသာ၊ ရွှေနဒီ၊ MGRG ရေယာဉ်လိုင်းအမည်တွေ ပြောပြပါတယ်
ထိုစဉ်က ကားလမ်းရှိနေပြီဖြစ်ပေမယ့် အဆင်မပြေသေးဘူး(ယခုလည်း အတူတူပါပဲ လကမ္ဘာမျက်နှာပြင်လို့ ကျွန်တော်က သတ်မှတ်ထားတာ)
(၂၈. ၁၂. ၂၀၁၂)ရက်နေ့ ရွှေဘိုကနေ မုံရွာ၊ မုံရွာက သူငယ်ချင်း ယဉ်ဝေ ကူညီလို့ ရှပ်ပြေးလက်မှတ်ရပြီး ဆိပ်ကမ်းနဲ့နီးအောင် ယမင်း အိမ်မှာတည်းခိုလို့
(၂၉. ၁၂. ၂၀၁၂)ရက်နေ့ နံနက် ၄ နာရီကျတော့ ပထမဆုံးမြင်ဖူးစီးဖူးရတဲ့ ရှပ်ပြေးဆိုတာကြီးနဲ့ ချင်းတွင်းမြစ်ကို ဆန်တက်လာခဲ့ရတာပေါ့
ဇာတိပျဉ်းမနား အိမ်နောက်ဘက်မှာရှိတဲ့ ငလိုက်ချောင်းထဲ အိမ်ကမသိအောင် သွားဆော့ရင်း ရေနစ်ခဲ့ပြီးကတည်းက ရေဆိုကြောက်နေတဲ့ အညာသားက မြစ်ဆိုတာထဲခရီးသွားရတော့ ပိုကြောက်နေပေမယ့် ဟန်လုပ်နေတာပေါ့
ည ၇ နာရီလောက်ကျတော့ မော်လိုက်ရောက်ရော(ဒါတောင် ရေကြောင်းကောင်းသေးတဲ့အချိန်မို့)
ဆရာဦးတင်မင်းဦးက ဆိပ်ကမ်းလာကြိုပါတယ်
ထိုစဉ်က ရေယာဉ်တွေ မော်လိုက်မှာ ညအိပ်ကြရတော့ ကမ်းနားလမ်းတလျောက် ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ တည်းခိုခန်းတွေကြောင့် စည်ကားပါတယ်(ယခုတော့ ညမအိပ်ကြတော့လို့ အဲဒီမြင်ကွင်းကို မတွေ့မြင်ရတော့ပါဘူး)
မြို့မီးပေးချိန်က ထိုစဉ်က ၂ နာရီ(ည ၇ နာရီကနေ ၉ နာရီအထိ) ယခုတော့ ၄ နာရီ ရရှိပါပြီ
(၂. ၁. ၂၀၁၃)ရက်နေ့ကြတော့ အလုပ်လွှဲပြောင်းလက်ခံလုပ်ကြတာပေါ့
ရောက်ကာစလည်းဖြစ် တစ်ကိုယ်တည်းသမားလည်းဖြစ်တဲ့ ကျွန်တော့်အတွက် ကျွန်တော်နေခဲ့ရတဲ့မြို့နဲ့နှိုင်းယှဉ်ရင် တစ်ရပ်ကွက်စာပဲရှိပြီး လည်ပတ်စရာမရှိတဲ့ မော်လိုက်မြို့ဟာ နေပျော်စရာမကောင်းပါဘူး
အိမ်နဲ့ဖုန်းပြောရင် အလုပ်ထွက်မယ် မနေနိုင်ဘူး တစ်ယောက်တည်းကြာရင် ရူးလိမ့်မယ်လို့ပြောတော့
အန်တီက ၁ လလောက်နေကြည့်ပါ မရရင် သား သဘောပဲ
၁ လပြည့်ပြန်တော့လည်း နောက် ၁ လနေကြည့်ပါဦးပေါ့
အဲဒီအချိန်မှာ ရုံးက ကြီး/ရေး မလဲ့က ကျွန်တော့်အတွက် နောက် ၇ လလောက်အကြာမှာ ရုံးအကူဖြစ်လာပြီး တပည့်ကျော်ဖြစ်လာမယ့် ဖြိုးဝေကျော်နဲ့ မိတ်ဆက်ပေးတယ်
အဲဒါဟာ ကျွန်တော့်ကို အပြောင်းအလဲတွေ စတင်ဖြစ်စေတော့တာပါ
ဖြိုးဝေကျော်နဲ့ ကြေးနန်းရုံးကွင်းမှာ ပိုက်ကျော်ခြင်းခတ်ရင်း မြို့ခံတွေဖြစ်တဲ့ ဘိုင်လေး၊ ဘိုင်ကြီး၊ အီစမိုင်၊ ကိုစည်သူ၊ ကိုညီဇော်၊ ဖိုးကျော်၊ သံချောင်း၊ ကိုကျော်၊ ဂေးလျန်၊ သော်ဇင်၊ ဂျာကြီး၊ ကျော်ရဲအောင်၊ ငစေး၊ ကိုဘီအီး စသည်တို့နဲ့ သိကျွမ်းရင်းနှီးရင်း အခြားမြို့ခံတွေကိုပါ သူတို့ကြောင့် ရင်းနှီးလာခဲ့ပါတယ်
ကင်းတပ် ငါးချဉ်ထုပ်
မစိန် ကောက်ညှင်းထုပ်
မော်လိုက် မြက်သီးနှုတ် ဆိုတာတွေ
ချင်းတွင်းမြစ်ရေ နောက်ကျိကျိ
သောက်မိရင် မောင်ကြီးမပြန်နိုင်
ဆိုတာတွေနဲ့ရင်းနှီးလာခဲ့ပါပြီ
ဝါတွင်းကာလဆိုရင် စာရေးကုန်းဓမ္မာရုံမှာ တစ်လ ၂ ကြိမ်အလှူငွေထည့်ဝင်ပြီး တရားနာဖြစ်သလို ဘာသာရေး လိုက်စားမှုတွေ လုပ်ပါတယ်(ဘုန်းကြီးတွေ ဆွမ်းဘုန်းပေးပြီးရင် ကိုယ်တွေပါစားကြတာကို ဆိုလိုတာပါ)
ကျေးရွာတွေကိုလည်း ဟောပြောပွဲတွေကြောင့် ရောက်ဖြစ်ရင်း ရွာခံတွေနဲ့ပါ ရင်းနှီးမှုရခဲ့ရတာပေါ့
သစ္စာမွန်၊ ဆုံနေကြတို့ကိုလည်း ကျင်လည်ခဲ့တာပဲ
လက်ဆေးကန်၊ တောင်တစ်လုံး၊ ဒီပင်္ကရာ၊ စစ်ဆောင်စစ်အောင်တို့ကိုလည်း ဖူးခဲ့ရတာပဲ
တက်ကြွလှုပ်ရှားသူတွေနဲ့လည်း ညှိနှိုင်းခဲ့ရတာပဲ
စစ်ဆေးရင်းနဲ့ ဖြန်ဖြေခဲ့ရသေးတာပဲ
နှစ်အစပိုင်းတွေကြရင် ရပ်ကွက် ၂ ရပ်ကွက်က အိမ်အတော်များများကို လူမှုရေး လိုက်စားရတာပေါ့
လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲကြရင် ကိုစည်နဲ့ ကိုညီရဲ့ ဗိုလ်ချုပ်ပန်းချီတွေ ကြည့်ရသလို ဓာတ်ပေါင်းစေတီတဝိုက် အားကစားပွဲနဲ့ နို့ဆီဗူးပေါက်ပွဲတွေမှာ စီးမျှောခဲ့ရတာပေါ့
ပြည်ထောင်စုနေ့ကြရင် ချင်းတွင်းမြစ်အတွင်းလှေလှော်ပြိုင်ပွဲကို ကမ်းလုံးကျွတ်အားပေးမှုတွေ ဆုံတွေ့ခဲ့ရသေး
ဒီပင်္ကရာပွဲဆိုရင် ပွဲလမ်းသဘင်ရှားတဲ့ မြို့လေးအတွက် စိတ်အပြောင်းအလဲဖြစ်ရသလို နပဆရဲ့ ကျောပိုးအိတ် အကြီးအသေးကလည်း တဒင်္ဂတာ စိတ်ကျေနပ်စရာပါပဲ
ရောက်တဲ့နေရာမှာ ကိုယ့်ထက်ကြီးသူတွေက ကိုသူရိန်
ရွယ်တူနဲ့ ငယ်သူတွေက ဆရာ
ထူးထူးခြားခြား ကြီးကြီးငယ်ငယ် တစ်မိသားစုလုံးက ဦးသူရိန်လို့ ခေါ်ဆိုကြကာ ပျူဌာလှိုက်လှဲနွေးထွေးခဲ့တဲ့ မြို့မော်လိုက်ကို သတိတရ ရှိလှပါ၏။
Thurein Htet Khaing
Subscribe to:
Post Comments (Atom)
No comments:
Post a Comment