Monday, February 9, 2015

ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ မော်လိုက်မြို့၊ အထက်တန်းကျောင်း၌ ကျင်းပ




ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်မွေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ
မော်လိုက်မြို့ အထက်တန်းကျောင်း၌ ကျင်းပ
မော်လိုက်                            ဖေဖေါ်ဝါရီလ                         

          ၂၀၁၅ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်းနှစ်(၁၀၀)ပြည့် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဖေဖေါ်ဝါရီလ(၉)ရက်နေ့ နံနက်(၁၀)အချိန်တွင် မော်လိုက်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
          အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် ထက်/လယ်/မူ ဖြင့် အဆင့်(၃)ဆင့်ခွဲ၍ အထက်တန်းဆင့်၌ “နှလုံးသားထဲက ဗိုလ်ချုပ်အောင်ဆန်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းဆင့်တွင် “ပြည်သူ့အသဲပန်း ဗိုလ်ချုပ်အောင်ဆန်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းဆင့်တွင် “ဗိုလ်တေဇ(သို့) ဗိုလ်ချုပ်အောင်ဆန်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်စေခဲ့သည်။
          စာစီစာကုံးပြိုင်ပွဲဝင် ထက်/လယ်/မူ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၈၃)ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြောင်းနှင့် မွန်းလွဲပိုင်းတွင် ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment