ထိုင်းနိုင်ငံမှာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါတွေကို အာမခံနဲ့
ကုသပေးနေတဲ့ အရမ်းကိုတော်တယ်လို့ နာမည်ကြီးနေတဲ့ အထူးကု
သမားတော်ကြီးတစ်ယောက်ရှိ ပါတယ်၊ မြန်မာလူမျိုးတွေကတော့ သူ့ကို ဒေါက်တာ
ဟူစိန်လို့ ခေါ်ကြတယ်၊ အစာအိမ် အူလမ်းကြောင်းနဲ့ ပတ်သတ်လာရင် ကင်ဆာအပါအဝင်
ဘယ်သူမှလက်မခံတော့တဲ့ လူနာတွေကို သူက အာမခံပြီး ကုသပေးပါတယ်၊
သာမန်လောက်ကတော့ သူ့ဆေး စား ၁ ပတ်ပါပဲ၊ နည်းနည်းလေး ပြင်းလာရင် ၁ လ၊
ကင်ဆာနဲ့ ရောဂါအပြင်းစားတွေဆိုရင် ၃ လ ၅ လ နဲ့ အမြစ်ပြတ် ကုပေးပါတယ်၊
ရောဂါအပေါ်မူတည်ပြီး သူပေးတဲ့ ဆေးကလဲ ကွာပါတယ်၊ အပြာရောင်၊
အနီရောင်တို့ကတော့ သာမန်လောက်ရောဂါ ပေါ့၊ ရွှေရောင်ကတော့ ရောဂါ ပြင်းတဲ့
လူတွေကိုပေး ပါတယ်၊ ကုသစရိတ်ကလည်း တော်တော်ပေးရပါတယ်၊ မြဝတီမြို့က
အချစ်ဆုံး သူငယ်ချင်း တွေရဲ့ ကျေးဇူးနဲ့ ဒေါက်တာ ဟူစိန် ရဲ့ ဆေး ၁ လစာ
ကျနော် ရခဲ့ပါတယ်၊ ရောဂါတွေ မြန်မြန်ပျောက်ပြီး မြန်မြန်ပြန်နေကောင်း
စေချင်တဲ့ သူတို့ရဲ့စေတနာကို အများကြီးလေးစားခဲ့ရပါတယ်၊ ခုလို ခက်ခက်ခဲခဲ
ရအောင်ချိတ်ဆက်ပြီး ဆေးရအောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးကိုလည်း ဘယ်လိုမှ
မေ့နိုင်မှာမဟုတ်တော့ပါဘူး၊ ၁ လစာတောင်ဆိုတော့ အနည်းဆုံး ဘတ် ၃
သောင်းလောက်တော့ ပေးရပါတယ်၊
ဒီဆေးတွေကို ကိုင်ကြည့်ရင်း ကျနော်
တစ်ခုစဉ်းစားမိခဲ့ပါတယ်၊ ဘာတွေနဲ့များ ဖော်စပ်ထားလို့ ဒီလောက်စွမ်းရတာလဲ
ဈေးကြီးရတာလဲလို့ပေါ့၊ ကျနော့်အတွက်ဆိုပြီးရထားတဲ့ဆေးက. Capsule
ရွှေရောင်လေးပါ၊ ကျနော် ဆေးတစ်တောင့် ဖောက်ကြည့်ခဲ့မိပါတယ်၊ ဒီ capsule
လေးထဲမှာ ဘာတွေများပါမယ်လို့ ထင်မိကြပါသလဲဗျာ ......
အခုဆိုရင်
အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါဟာ မြန်မာနိုင်ငံမှာ
အဖြစ်အများဆုံးရောဂါတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်နေပါပြီ၊ လွန်ခဲ့တဲ့ ၂
နှစ်လောက်က ကျနော် အစာအိမ် မှန်ပြောင်းကြည့်တော့မယ်ဆိုရင် လူလေး
ဆယ်ယောက်လောက်ပဲ ရှိပါတယ်၊ အခုဆို ရာဂဏာန်းလောက်ကို စောင့်နေရပါတယ်၊
အပြင်အထူးကုဆေးခန်းကြီးတွေမှာ ဆိုရင်လဲ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက်
သီးသန့်တောင် ထပ်တိုးချဲ့ထားကြရပါတယ်၊
ပြောပြချင်တာကတော့ ကိုယ်တိုင်ပဲ
ဖြစ်ဖြစ်၊ ကို့မိသားစုဝင်ထဲကပဲ ဖြစ်ဖြစ်၊ အသိဆွေမျိုးထဲကပဲဖြစ်ဖြစ်
ဒီရောဂါဝေဒနာမျိုးခံစားနေရတဲ့ သူတွေအတွက် ဆေးကောင်းတစ်လက်
လမ်းညွှန်ပေးချင်လို့ပါ၊ ကျနော် စောစောကပြောပြခဲ့တာလေး .ပြန်ဆက်ရရင်တော့
capsule လေးထဲမှာ တွေ့ခဲ့ရတာက နနွင်းမှုန့်တွေ ဆိုတာပါပဲ၊
နနွင်းမှုန့်စစ်စစ်ကို capsule လေးအုပ်ထားတာပါ၊
မြန်မာ့ဆေးကျမ်းတွေမှာ
ပြန်ရှာဖတ်ကြည့်တော့ နနွင်းမှုန့်ဟာ အနာရောဂါမှန်သမျှနဲ့
ခန္ဓာကိုယ်အတွင်းပိုင်းကရောဂါတွေအတွက် အထူးအစွမ်းထက်ကြောင်းဖော်ပြထားပါတယ်၊
အခုဆို အမေရိကန်နိုင်ငံမှာ ကင်ဆာအတွက် ဆေးဖော်စပ်ဖို့
စမ်းသပ်တာအောင်မြင်ခဲ့တဲ့ နနွင်းမှုန့်နဲ့ ဆေးဖော်နေပါပြီ၊ ကရင်ပြည်နယ်
အစွန်အဖျား တောထဲတောင်ထဲတွေအထိ ကုန်သည်တွေ နနွင်းမှုန့်အစစ် လိုက်ရှာဝယ်ပြီး
ထိုင်းဈေးကွက်ကတဆင့် အမေရိကန်ကို ပို့နေကြပါတယ်၊ နနွင်းအစစ်တောင်
တော်တော်ရှာဝယ်နေရပါတယ်၊
မြန်မာ့ဆေးကျမ်းထဲမှာတော့ တနေ့
လက်ဖက်စားဇွန်းနဲ့ ရောဂါပြင်းရင် ၃ ဇွန်းစားခိုင်းပါတယ်၊ ကျနော်ကတော့
ထမင်းစားဇွန်းနဲ့ တနေ့ ၅ ကြိမ် သောက်နေပါတယ်၊ စ သောက်ခါစမှာတော့ မြိုချရတာ
တော်တော်အခက်အခဲ ဖြစ်ရပါတယ်၊ ဗိုက်ထဲရောက်သွားပြန်တော့လဲ အစာအိမ်နဲ့
အူလမ်းကြောင်းတလျှောက်မှာ ရှိတဲ့အနာ တွေက စပ်လိုက်တာ အတော်ကလေးခံရပါတယ်၊
မျက်စိတွေပြာ နားထဲကလေတွေထွက်ပြီး လူလဲ မလှုပ်နိုင်တော့ပါဘူး၊ ဆေးတစ်ဇွန်း
ထပ်သောက်ဖို့တောင် လန့်နေမိပါတယ်၊ ရောဂါပျောက်ချင်လို့သာ
ကြိတ်မှိတ်သောက်ခဲ့ရတာပါ၊ စပ်တာက ဘာနဲ့တူသလဲဆိုတော့ အနာတစ်ခု၊
ဓားရှမိတာမျိုးပေါ့ အဲ့ဒီအပေါ်. ဘရိတ်ဆီထည့်လိုက်သလိုပါပဲ၊
ဗိုက်ထဲမှာဆိုတော့လဲ ပိုဆိုးတာပေါ့ဗျာ၊ အခုဆိုရင် ဆေးသောက်ခဲ့တာ ၎
ရက်မြောက်ပါပြီ၊ လူက အရင်ကလို မဟုတ်တော့ပဲ နေလို့အများကြီးသက်သာနေပါတယ်၊ ၃
နှစ်လောက်နီးပါး ဗိုက်ထဲမှာ မီးဖုတ်ထားတဲ့ သံလုံးကြီး မြိုထားရသလို အမြဲ
ပူလောင်တဲ့ ဝေဒနာဆိုးကြီး ခံစားနေရတဲ့ ဝဋ်ဒုက္ခဆိုးတစ်ခုကတော့
လွတ်မြောက်ခဲ့ရပါပြီ၊ သိသာပါတယ် တော်တော်လေးကို နေရထိုင်ရတာ သက်သာပါတယ်၊
အခုဆိုရင် နီးစပ်ရာ လက်လှမ်းမီသမျှကို ကျနော် နနွင်းမှုန့်အကြောင်း
လိုက်ပြောပြပေးနေပါတယ်၊ မြို့ထဲက. အဒေါ်ကြီးတစ်ယောက်ဆိုရင်လဲ
ထမင်းစားလိုက်တာနဲ့ ဗိုက်ချက်ချင်းအောင့်ပြီး အောက်ကနေ
ထမင်းအစေ့လိုက်ပြန်ပြန်ထွက်နေတာ သိရတော့ ကျနော်ခံစားရတာတွေ သွားရှင်းပြပြီး
သူ့ကို နနွင်းမှုန့်အစစ် နည်းနည်း စမ်းသောက်ဖို့ပေးထားခဲ့ပါတယ်၊ သူသောက်တာ
ဘယ်လိုနေသလဲ သွားမေးကြည့်တော့ သူက ကျနော့်လိုတော့ သောက်လိုက်ရင်
မစပ်ပါဘူး၊ အရင်ကထက်စာရင်တော့ နေရတာ အများကြီး သက်သာလို့ ကျနော့်ကို
ကျေးဇူးတွေတင်နေပါတယ်၊ ဒီတော့ ပြောပြနိုင်တာတစ်ခုကတော့ အစာအိမ်ထဲမှာ
အနာရှိတဲ့ သူတွေမှသာ ကျနော့်လို စပ်တဲ့ဝေဒနာ ခံစားရမှာပါ၊
ရောဂါနုသေးတဲ့သူတွေအတွက်တော့ အစာအိမ်ဆေးကြောလိုက်သလို
သန့်ပေးရုံပဲရှိမှာပါပဲ၊ သောက်ဖို့ကို မကြောက်စေချင်ပါဘူး၊
အစာအိမ်နံရံ ၃လွှာစလုံး ပါးနေပြီး အထဲမှာ အနာတွေနဲ့ ပြည့်နေခဲ့တဲ့
လူတစ်ယောက်၊ အချိန်မရွေး အစာအိမ်နံရံပေါက်ထွက်နိုင်တယ်ဆိုလို့ ဘာအစာအမာမှ
မစားရတဲ့ သူတစ်ယောက်၊ ညဖက်တွေမှာ ဗိုက်ထဲကပူပြီး အောင့်လွန်းလို့
မအိပ်နိုင်ခဲ့တဲ့ လူတစ်ယောက် ၊ ၂၄ နာရီ ဗိုက်ထဲမှာ ပူလောင်မှုဝေဒနာ
ခံစားနေရတဲ့ သူတစ်ယောက် ... ဟောအခုတော့ သူခံစားနေရတဲ့ဝေဒနာတွေ သိသိသာသာကို
သက်သာနေပါပြီ၊ ကျနော့်လို ခံစားနေရတဲ့ ဝေဒနာရှင်တွေရှိခဲ့ရင်
ကိုယ်ချင်းစာပြီး သူတို့ကို သက်သာစေချင်ပါတယ်၊ ကျေးဇူးပြုပြီး
ရောဂါခံစားနေရတဲ့သူတွေရှိရင် နနွင်းမှုန့်သောက်ဖို့အကြောင်းလေး
လက်လှမ်းမှီသမျှ ပြောပြပေးစေချင်ပါတယ်၊
ထိုင်းနိုင်ငံက
သမားတော်ကြီးနဲ့ ပြပြီး ကုသရင်လဲ ရောဂါပျောက်ပါလိမ့်မယ်၊ ဒါပေမယ့်
ကုသစရိတ်က အနည်းဆုံး ၁၆ သိန်းကနေ သိန်း ၃၀ အထက်တော့ ကုန်ကျမှာပါ၊
ပိုက်ဆံတွေကုန်ပြီး ရမယ့်ဆေးကလဲ ဒီ နနွင်းမှုန့်လေးပါပဲ၊
မိမိအစီအစဉ်နဲ့ မိမိပဲ နနွင်းမှုန့်စစ်စစ်ကိုသာ ရှာဖွေ သောက်သုံးကြည့်ကြပါလို့ အကြံပြုပါရစေ
From
မော်လိုက်-မီဒီယာ
Posted by Artist Mawlaik
No comments:
Post a Comment