Sunday, December 28, 2014

အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ

ထိုင်းနိုင်ငံမှာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါတွေကို အာမခံနဲ့ ကုသပေးနေတဲ့ အရမ်းကိုတော်တယ်လို့ နာမည်ကြီးနေတဲ့ အထူးကု သမားတော်ကြီးတစ်ယောက်ရှိ ပါတယ်၊ မြန်မာလူမျိုးတွေကတော့ သူ့ကို ဒေါက်တာ ဟူစိန်လို့ ခေါ်ကြတယ်၊ အစာအိမ် အူလမ်းကြောင်းနဲ့ ပတ်သတ်လာရင် ကင်ဆာအပါအဝင် ဘယ်သူမှလက်မခံတော့တဲ့ လူနာတွေကို သူက အာမခံပြီး ကုသပေးပါတယ်၊ သာမန်လောက်ကတော့ သူ့ဆေး စား ၁ ပတ်ပါပဲ၊ နည်းနည်းလေး ပြင်းလာရင် ၁ လ၊ ကင်ဆာနဲ့ ရောဂါအပြင်းစားတွေဆိုရင် ၃ လ ၅ လ နဲ့ အမြစ်ပြတ် ကုပေးပါတယ်၊ ရောဂါအပေါ်မူတည်ပြီး သူပေးတဲ့ ဆေးကလဲ ကွာပါတယ်၊ အပြာရောင်၊ အနီရောင်တို့ကတော့ သာမန်လောက်ရောဂါ ပေါ့၊ ရွှေရောင်ကတော့ ရောဂါ ပြင်းတဲ့ လူတွေကိုပေး ပါတယ်၊ ကုသစရိတ်ကလည်း တော်တော်ပေးရပါတယ်၊ မြဝတီမြို့က အချစ်ဆုံး သူငယ်ချင်း တွေရဲ့ ကျေးဇူးနဲ့ ဒေါက်တာ ဟူစိန် ရဲ့ ဆေး ၁ လစာ ကျနော် ရခဲ့ပါတယ်၊ ရောဂါတွေ မြန်မြန်ပျောက်ပြီး မြန်မြန်ပြန်နေကောင်း စေချင်တဲ့ သူတို့ရဲ့စေတနာကို အများကြီးလေးစားခဲ့ရပါတယ်၊ ခုလို ခက်ခက်ခဲခဲ ရအောင်ချိတ်ဆက်ပြီး ဆေးရအောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးကိုလည်း ဘယ်လိုမှ မေ့နိုင်မှာမဟုတ်တော့ပါဘူး၊ ၁ လစာတောင်ဆိုတော့ အနည်းဆုံး ဘတ် ၃ သောင်းလောက်တော့ ပေးရပါတယ်၊
ဒီဆေးတွေကို ကိုင်ကြည့်ရင်း ကျနော် တစ်ခုစဉ်းစားမိခဲ့ပါတယ်၊ ဘာတွေနဲ့များ ဖော်စပ်ထားလို့ ဒီလောက်စွမ်းရတာလဲ ဈေးကြီးရတာလဲလို့ပေါ့၊ ကျနော့်အတွက်ဆိုပြီးရထားတဲ့ဆေးက. Capsule ရွှေရောင်လေးပါ၊ ကျနော် ဆေးတစ်တောင့် ဖောက်ကြည့်ခဲ့မိပါတယ်၊ ဒီ capsule လေးထဲမှာ ဘာတွေများပါမယ်လို့ ထင်မိကြပါသလဲဗျာ ......
အခုဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံးရောဂါတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်နေပါပြီ၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျနော် အစာအိမ် မှန်ပြောင်းကြည့်တော့မယ်ဆိုရင် လူလေး ဆယ်ယောက်လောက်ပဲ ရှိပါတယ်၊ အခုဆို ရာဂဏာန်းလောက်ကို စောင့်နေရပါတယ်၊ အပြင်အထူးကုဆေးခန်းကြီးတွေမှာ ဆိုရင်လဲ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် သီးသန့်တောင် ထပ်တိုးချဲ့ထားကြရပါတယ်၊
ပြောပြချင်တာကတော့ ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ ကို့မိသားစုဝင်ထဲကပဲ ဖြစ်ဖြစ်၊ အသိဆွေမျိုးထဲကပဲဖြစ်ဖြစ် ဒီရောဂါဝေဒနာမျိုးခံစားနေရတဲ့ သူတွေအတွက် ဆေးကောင်းတစ်လက် လမ်းညွှန်ပေးချင်လို့ပါ၊ ကျနော် စောစောကပြောပြခဲ့တာလေး .ပြန်ဆက်ရရင်တော့ capsule လေးထဲမှာ တွေ့ခဲ့ရတာက နနွင်းမှုန့်တွေ ဆိုတာပါပဲ၊ နနွင်းမှုန့်စစ်စစ်ကို capsule လေးအုပ်ထားတာပါ၊
မြန်မာ့ဆေးကျမ်းတွေမှာ ပြန်ရှာဖတ်ကြည့်တော့ နနွင်းမှုန့်ဟာ အနာရောဂါမှန်သမျှနဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကရောဂါတွေအတွက် အထူးအစွမ်းထက်ကြောင်းဖော်ပြထားပါတယ်၊ အခုဆို အမေရိကန်နိုင်ငံမှာ ကင်ဆာအတွက် ဆေးဖော်စပ်ဖို့ စမ်းသပ်တာအောင်မြင်ခဲ့တဲ့ နနွင်းမှုန့်နဲ့ ဆေးဖော်နေပါပြီ၊ ကရင်ပြည်နယ် အစွန်အဖျား တောထဲတောင်ထဲတွေအထိ ကုန်သည်တွေ နနွင်းမှုန့်အစစ် လိုက်ရှာဝယ်ပြီး ထိုင်းဈေးကွက်ကတဆင့် အမေရိကန်ကို ပို့နေကြပါတယ်၊ နနွင်းအစစ်တောင် တော်တော်ရှာဝယ်နေရပါတယ်၊
မြန်မာ့ဆေးကျမ်းထဲမှာတော့ တနေ့ လက်ဖက်စားဇွန်းနဲ့ ရောဂါပြင်းရင် ၃ ဇွန်းစားခိုင်းပါတယ်၊ ကျနော်ကတော့ ထမင်းစားဇွန်းနဲ့ တနေ့ ၅ ကြိမ် သောက်နေပါတယ်၊ စ သောက်ခါစမှာတော့ မြိုချရတာ တော်တော်အခက်အခဲ ဖြစ်ရပါတယ်၊ ဗိုက်ထဲရောက်သွားပြန်တော့လဲ အစာအိမ်နဲ့ အူလမ်းကြောင်းတလျှောက်မှာ ရှိတဲ့အနာ တွေက စပ်လိုက်တာ အတော်ကလေးခံရပါတယ်၊ မျက်စိတွေပြာ နားထဲကလေတွေထွက်ပြီး လူလဲ မလှုပ်နိုင်တော့ပါဘူး၊ ဆေးတစ်ဇွန်း ထပ်သောက်ဖို့တောင် လန့်နေမိပါတယ်၊ ရောဂါပျောက်ချင်လို့သာ ကြိတ်မှိတ်သောက်ခဲ့ရတာပါ၊ စပ်တာက ဘာနဲ့တူသလဲဆိုတော့ အနာတစ်ခု၊ ဓားရှမိတာမျိုးပေါ့ အဲ့ဒီအပေါ်. ဘရိတ်ဆီထည့်လိုက်သလိုပါပဲ၊ ဗိုက်ထဲမှာဆိုတော့လဲ ပိုဆိုးတာပေါ့ဗျာ၊ အခုဆိုရင် ဆေးသောက်ခဲ့တာ ၄ ရက်မြောက်ပါပြီ၊ လူက အရင်ကလို မဟုတ်တော့ပဲ နေလို့အများကြီးသက်သာနေပါတယ်၊ ၃ နှစ်လောက်နီးပါး ဗိုက်ထဲမှာ မီးဖုတ်ထားတဲ့ သံလုံးကြီး မြိုထားရသလို အမြဲ ပူလောင်တဲ့ ဝေဒနာဆိုးကြီး ခံစားနေရတဲ့ ဝဋ်ဒုက္ခဆိုးတစ်ခုကတော့ လွတ်မြောက်ခဲ့ရပါပြီ၊ သိသာပါတယ် တော်တော်လေးကို နေရထိုင်ရတာ သက်သာပါတယ်၊ အခုဆိုရင် နီးစပ်ရာ လက်လှမ်းမီသမျှကို ကျနော် နနွင်းမှုန့်အကြောင်း လိုက်ပြောပြပေးနေပါတယ်၊ မြို့ထဲက. အဒေါ်ကြီးတစ်ယောက်ဆိုရင်လဲ ထမင်းစားလိုက်တာနဲ့ ဗိုက်ချက်ချင်းအောင့်ပြီး အောက်ကနေ ထမင်းအစေ့လိုက်ပြန်ပြန်ထွက်နေတာ သိရတော့ ကျနော်ခံစားရတာတွေ သွားရှင်းပြပြီး သူ့ကို နနွင်းမှုန့်အစစ် နည်းနည်း စမ်းသောက်ဖို့ပေးထားခဲ့ပါတယ်၊ သူသောက်တာ ဘယ်လိုနေသလဲ သွားမေးကြည့်တော့ သူက ကျနော့်လိုတော့ သောက်လိုက်ရင် မစပ်ပါဘူး၊ အရင်ကထက်စာရင်တော့ နေရတာ အများကြီး သက်သာလို့ ကျနော့်ကို ကျေးဇူးတွေတင်နေပါတယ်၊ ဒီတော့ ပြောပြနိုင်တာတစ်ခုကတော့ အစာအိမ်ထဲမှာ အနာရှိတဲ့ သူတွေမှသာ ကျနော့်လို စပ်တဲ့ဝေဒနာ ခံစားရမှာပါ၊ ရောဂါနုသေးတဲ့သူတွေအတွက်တော့ အစာအိမ်ဆေးကြောလိုက်သလို သန့်ပေးရုံပဲရှိမှာပါပဲ၊ သောက်ဖို့ကို မကြောက်စေချင်ပါဘူး၊
အစာအိမ်နံရံ ၃လွှာစလုံး ပါးနေပြီး အထဲမှာ အနာတွေနဲ့ ပြည့်နေခဲ့တဲ့ လူတစ်ယောက်၊ အချိန်မရွေး အစာအိမ်နံရံပေါက်ထွက်နိုင်တယ်ဆိုလို့ ဘာအစာအမာမှ မစားရတဲ့ သူတစ်ယောက်၊ ညဖက်တွေမှာ ဗိုက်ထဲကပူပြီး အောင့်လွန်းလို့ မအိပ်နိုင်ခဲ့တဲ့ လူတစ်ယောက် ၊ ၂၄ နာရီ ဗိုက်ထဲမှာ ပူလောင်မှုဝေဒနာ ခံစားနေရတဲ့ သူတစ်ယောက် ... ဟောအခုတော့ သူခံစားနေရတဲ့ဝေဒနာတွေ သိသိသာသာကို သက်သာနေပါပြီ၊ ကျနော့်လို ခံစားနေရတဲ့ ဝေဒနာရှင်တွေရှိခဲ့ရင် ကိုယ်ချင်းစာပြီး သူတို့ကို သက်သာစေချင်ပါတယ်၊ ကျေးဇူးပြုပြီး ရောဂါခံစားနေရတဲ့သူတွေရှိရင် နနွင်းမှုန့်သောက်ဖို့အကြောင်းလေး လက်လှမ်းမှီသမျှ ပြောပြပေးစေချင်ပါတယ်၊
ထိုင်းနိုင်ငံက သမားတော်ကြီးနဲ့ ပြပြီး ကုသရင်လဲ ရောဂါပျောက်ပါလိမ့်မယ်၊ ဒါပေမယ့် ကုသစရိတ်က အနည်းဆုံး ၁၆ သိန်းကနေ သိန်း ၃၀ အထက်တော့ ကုန်ကျမှာပါ၊ ပိုက်ဆံတွေကုန်ပြီး ရမယ့်ဆေးကလဲ ဒီ နနွင်းမှုန့်လေးပါပဲ၊
မိမိအစီအစဉ်နဲ့ မိမိပဲ နနွင်းမှုန့်စစ်စစ်ကိုသာ ရှာဖွေ သောက်သုံးကြည့်ကြပါလို့ အကြံပြုပါရစေ


From 

မော်လိုက်-မီဒီယာ

Posted by Artist Mawlaik 

Saturday, December 27, 2014

ရပ်တော်မူ ဘုရားပွဲ

မော်လိုက်မြို့၊ ကျောင်းတောင်ရပ် မဟာဂန္ဓကုဋီ ရပ်တော်မူ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂၀၁၅-ခုနှစ်၊ ဇန်န၀ါရီလ (၁၇၊၁၈)ရက်များတွင် စိန်ကျော် ဇာတ်သဘင်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။
ရပ်ဝေးရပ်နီး ဧည့်ပရိသတ်များခင်ဗျား ကျောင်းတောင်ရပ်ကွက် အိမ်တိုင်းဆီသို့  စတုဒိသာ အလှူမုန့်များ ထမင်းများ လာစားကြရင်း ပွဲကြည့်လာကြရန် ဖိတ်ခေါ်လိုက်ပါတယ် .........
 From--
မော်လိုက် အွန်လိုင်းသူငယ်ချင်းများအဖွဲ့
 


Friday, December 26, 2014

ပျော်ချင်ရင် ဒီကိုလာ




ကျောင်း

ဒါ ဘယ်နားက ကျောင်းလဲ
သိတယ်မလား?
Ko Zinnရဲ့ လက်ရာလို့တော့ ထင်မိတာပဲ

ငရဲပြည် အဝင်ဝ (Door to Hell)


ငရဲပြည်အဝင်ဝ (Door to Hell) လို့ အမည်ပေးထားတဲ့ မီးလောင်တွင်းကြီးဟာ အရှေ့အလယ်ပိုင်းဒေသက တာ့ခ်မင်နစ္စတန် နိုင်ငံက သဲကန္တာရတစ်ခုတည်းမှာ ရှိပါတယ်။ ယင်းတွင်းမျာ လေ့လာချက်အရ မနားတမ်း မီးလောင်မြိုက် နေတာ နှစ် ၄၀ မကတော့ ပါဘူး။
၁၉၇၁ ခုနှစ်တုန်းက ဆိုဗီယက်အင်ဂျင်နီယာတို့ စတင်တွေ့ရှိပြီး သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို များစွာ ပြုလုပ်ခဲ့ပါတယ်။ ယနေ့တိုင်လည်း ယင်းတွင်းနဲ့ မြေ နေရာ တစ်ဝိုက်ဟာ ကမ္ဘာပေါ်မှာ ဓာတ်ငွေ့ အများဆုံး ထွက်ရှိတဲ့ ထိပ်တန်း နေရာ ၁၀ ခု စာရင်းထဲ ပါဝင်နေပါသေးတယ်။ တာ့ခ်မင်နစ္စတန် နိုင်ငံ အစိုးရဟာ ယင်းနေရာ မှ တူးဖော် စုဆောင်းမိတဲ့ ဓာတ်ငွေ့များကို တရုတ်၊ ပါကစ္စတန်၊ အီရန်၊ ရုရှား၊ အိန္ဒိယ နဲ့ အခြားသော အနောက် ဥရောပ နိုင်ငံအချို့များ ထံသို့ ရောင်းချနေပြီး နောက်နှစ်ပေါင်း ၂၀ လောက်အထိကို ယနေ့ထွက်နေတဲ့ အားတဲ့ ဆက်လက်ထွက်ရှိအုံးမယ်လို့ စစ်ဆေးတွေ့ရှိထားပါတယ်။ သဘာဝက ပေးလိုက်တဲ့ လက်ဆောင်ဆိုလည်း မမှားပါဘူး။
ဓာတ်ငွေ့တွေဟာ များပြားပြီး တွင်းထဲ ကနေတောင် ပြန်လည်လောင်မြိုက်နေ ပါတယ်။ ချောရည်ပူများ၊ မီးခိုးများ၊ မီးတန်းများ ထွက်နေပေမယ့် ပတ်ဝန်းကျင်ကို ကူးဆက်တာမျိုး လောင်တာမျိုးတို့ မရှိပါဘူး။ ကမ္ဘာလှည့်ခရီးသည်များလည်း သွားရောက် လေ့လာကြပါတယ်။ အချို့ စွန့်စားသူများ ဆိုရင် အချင်း ၂၀၀၊ အနက် ၆၆ ပေ ရှိတဲ့ ယင်း တွင်းကို ဟိုဘက်ဒီဘက်ကူးတာမျိုး၊ ကြိုးနဲ့ အပေါ်ယံကနေ အနည်းငယ်ဆင်းလို့ လေ့လာတာမျိုးတို့တောင် ပြုလုပ်ပါတယ်။
မီးလောင်မြိုက်မှုကလည်း ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ တွင်းရဲ့ အောက်မှာ ဓာတ်ငွေ့ ကျောကြီး ရှိနေပါတယ်။ အစိုးရဟာ ယင်းမီးလောင်းတဲ့ တွင်းကို အပေါ်ကနေ ပိတ်ဖို့ စဉ်းစားခဲ့ပေမယ့် မပြုလုပ်ဖြစ်ခဲ့ပါဘူး။ သူ့သာသူသာ လောင်ကျွမ်းနေပြီး Door to Hell ဟာ ကမ္ဘာ့စွဲဆောင်မှုရှိတဲ့ နေရာများထဲက တစ်ခု ဖြစ်လာပါတယ်။ အသေးစိတ်ကို http://en.wikipedia.org/wiki/Door_to_Hell ထဲမှာ ဝင်ရောက်ဖတ်ရှု နိုင်ပါတယ်။

From -
အောင်ခမ်း (ရိုးရာလေး) www.yoyarlay.com

Thursday, December 25, 2014

အမရပူရ မဟာဂန္ဓာရုံဆရာတော်

#‎တိပိဋကဓရဆရာတော်အရှင်ဝိစိတ္တသာရဘိဝံသ‬
ဝမ်းနည်းကြေကွဲစကား။
"အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး
အရှင်ဇနကာဘဝံသ ပျံလွန်တော်မူသွားတာဟာ
ခက်မငါးဖြာရှိတဲ့ သာသနာ့သစ်ပင်ကြီးမှ
(ပင်စည်ခွဆုံ အရင်းက) အရေးပါသည့် အကိုင်းကြီး
တစ်ကိုင်း ပဲ့ထွက် ကျိုးကျသွားသလိုပါပဲ l
သာသနာတော်မှာ အလွန် နစ်နာဆုံးရှုံးမှုကြီး
တစ်ရပ် ဖြစ်ပါတယ်" ဟူ၍ ဝမ်းနည်းကြေကွဲစကား
မိန့်တော်မူခဲ့ပါသည်။

၂၇ရက်ဒီဇင်ဘာ၂၀၁၄တွင်တောင်မြို့ဆရာတော်
ကွယ်လွန်ခြင်း(၃၇)နှစ်မြောက်အဖြစ်ရေးသား
ပူဇော်အပ်ပါသည်။

Credit #    Aung AungZaw

အသက်ပြန်မရှင်ချင်ပါနဲ့အဖေ...




အသက်ပြန်မရှင်ချင်ပါနဲ့ အဖေ...
တမလွန်မှာပဲ ခြံစိုက်ပါ စာရေးပါ
ဒီမှာ ဂဠုန်စောလိုလူတွေများတယ်။

အသက်ပြန်မရှင်ချင်ပါနဲ့အဖေ
ဒီကလူတွေဆယ်သက်စားမကုန်တဲ့
စည်းစိမ်တွေနဲ့စံစားနေချိန်
ခင်ဗျားကသူများပေးတဲ့ လောင်းကုတ်ကြီးနဲ့ အဟုတ်လုပ်နေတာ။


အသက်ပြန်မရှင်ချင်ပါနဲ့အဖေ...
ပဲပြုတ်နဲ့နံပြားလောက်ကို ရမှစားချင်တယ်လို့
စာတတန် ပေတတန် နဲ့ ပူဆာနေရချိန်
ဒီကလူတွေ ဘာကိုမှဂရုမစိုက်
တောတွေ့ရင် ခုတ်မြစ်တွေ့ရင်ရောင်း
သယံဇာယဆိုတူးလို့ အကုန်လက်ညှိုးထိုးရောင်းစားလိုက်ကြတာ
တိုင်းပြည်လည်း ခင်ဗျားပြောတဲ့
ဟို…နိုင်ငံဖြစ်ရတော့မဲ့ကိန်းဆိုက်နေပြီ။


အသက်ပြန်မရှင်ချင်ပါနဲ့ အဖေ...
ငါးမူးတန်းလောက်ကကြည့်ပြီး
ခင်ဗျားသဘောကျနေချိန်
ဒီမှာအာဏာရှင် သား သမီး မြေးတွေ
တရုံလုံးကလူတွေကို မောင်းထုတ်လို့
မောင်ပိုင်စီးလုပ်လိုက်ကြတယ်။


အသက်ပြန်မရှင်ချင်ပါနဲ့ အဖေ...
သမီးလေးခမည်းပေးဖို့ အမေအိုကိုလက်ဖျန့်တောင်းနေရချိန်
ဒီက အာဏာရူးသားသမီးတွေ
ဖိနပ်ကိုစိန်စီလို့ မင်္ဂလာဆောင်ကုန်ကြပြီ။


အသက်ပြန်မရှင်ချင်ပါနဲ့ အဖေ...
ခင်ဗျားသိပ်ချစ်ခဲ့တဲ့တပ်မတော်
ခင်ဗျားတည်ထောင်ခဲ့တဲ့ တပ်မတော်က
ခင်ဗျားရဲ့တဦးတည်းသောသမီးကို
သတ်ဖို့အကြိမ်ကြိမ် ကြိုးစားခဲ့တာ
ခင်ဗျားမြင်ရင် ရင်ထုမနာဖြစ်လို့နောင်တရနေမယ်။


အသက်ပြန်မရှင်ချင်ပါနဲ့ အဖေ...
သမိုင်းကို လမ်းဘေးချရပ်
သမိုင်းကို အမှောင်ဖုံးလို့
ငွေစက္ကူထဲက ခင်ဗျားရုပ်ပုံတောင်
ဖယ်ရှားဖို့ကြိုးစားနေကြတာ
ခင်ဗျားကို ကျုပ်တို့မျက်နှာပူတယ်။


အသက်ပြန်မရှင်ချင်ပါနဲ့
ဗြိတိသျှအင်ပါယာကြီးရဲ့ ဧကရာဇ်နဲ့
နေ့လည်စာ အတူတူစားခဲ့တဲ့ခင်ဗျား
ဘတ်ကင်ဟမ်နန်းတော်ထဲရောက်ခဲ့ဖူးတဲ့
တဦးထဲသောမြန်မာ့စစ်ဗိုလ်ချုပ်ခင်ဗျား
အခုခေတ်ဗိုလ်ချုပ်တွေ အဲ့လိုလေးစားခံရဖို့ဆိုတာဝေးလို့
Black Listစာရင်းသွင်းခံထားရတာသိရင်
ခင်ဗျားမျက်နှာပူနေရလိမ့်မယ်။


အသက်ပြန်မရှင်ချင်ပါနဲ့ အဖေ...
စနေမှာမွေးလို့ စနေမှာသေခဲ့ရတာလား
၁၃ရက်မှာမွေးလို့ ကျည်၁၃ထောင့်မှန်ခဲ့ရတာလား
ဒါပေမဲ့....
ကျုပ်တို့ရင်ထဲမှာခင်ဗျားသေမသွားဘူး
ဓူဝံကြယ်မြောက်အရပ်ကောင်းကင်မှာအမြဲရှိသလို
ကျုပ်တို့ရင်ထဲမှာခင်ဗျားအမြဲရှိတယ်

အောင်ဆန်းအဖေ...။

အဖဗိုလ်ချုပ်ဆောင်ဆန်းနှစ်(100)ပြည့်အမှတ်တရ

Credit ‪#‎အရှေ့တောင်အာရှရဲ့မာနမင်းသား‬

တစ်သောင်းတန်အတုများ နည်းပညာမြှင့် ထွက်လာ၍အတုနှင့်အစစ်ခွဲခြားရန် ခက်ခဲလာ

 ပြည်တွင်းတွင် ပျံ့နှံ့နေ သော ကျပ်တစ်သောင်းတန်ငွေ စက္ကူအတုအချို့သည် နည်းပညာမြင့်မားသဖြင့် ပြည်သူများ သိထားရန် အခက်အခဲများ ရှိနေကြောင်း ပုဂ္ဂလိကဘဏ်များမှ ပညာရှင်များကပြောကြားသည်။
‘‘စက်တွေနဲ့ စစ်ရုံနဲ့မပေါ်လို့ ၀န်ထမ်းတွေက အကြိမ်ကြိမ်စစ် ဆေးရတာတွေရှိတယ်’’ ဟု
မြန်မာ့ရှေ့ဆောင်ဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စိုးမင်းက ပြောသည်။
ပြည်တွင်းတွင် ကျပ်တစ် သောင်းတန်ငွေစက္ကူအတုများ မ ကြာခဏတွေ့နေရပြီး ဘဏ်များ ၌ တွေ့ရှိပါကသုံးမရအောင် ဖျက်ဆီးပစ်သည့်အတွက် ငွေကြေး  ဆုံးရှုံးမှုများလည်းရှိနေသည်။ ကျပ်တစ်သောင်းတန်ငွေစက္ကူတု များနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ ဖမ်းဆီးရရှိမှုသည် ယခု နှစ်တွင်အနည်းဆုံးလေးကြိမ်ထက်မနည်းရှိနေသည်ဟုဆိုသည်။
ထို့အပြင် ကျပ်တစ်သောင်း တန်ငွေစက္ကူအတုကျပ်သိန်းတစ် ထောင်နီးပါးကို ကျပ်သိန်းသုံး ဆယ်နှင့်အရောင်းအ၀ယ်ရှိနေ သည်ဟုသိရသည်။
ငွေစက္ကူအတုများသည် နိုင်ငံတိုင်းတွင်ရှိသော်လည်း တာ ၀န်ရှိသော အဖွဲ့အစည်းများက စနစ်တကျစစ်ဆေးဆောင်ရွက် ပေးရန်လိုအပ်ကြောင်း ကမ္ဘောဇ ဘဏ်အကြီးတန်းအကြံပေးဦး သန်းလွင်ကပြောသည်။ ငွေစက္ကူ အသစ်များထုတ်လုပ်ရာတွင် လည်း အရောင်ကို လေးငါးမျိုး ထည့်သွင်းရန်လိုကြောင်း၎င်းက အကြံပြုသည်။
                ‘‘အတုနဲ့အစစ်ကတော့ လိုက်တမ်းပြေးတမ်းကစားနေသ လိုပဲ’’ဟု ဦးသန်းလွင်ကပြောကြားသည်။
ငွေစက္ကူအတုတိုက်ဖျက် ရေးသည် အစိုးရနှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများသာမက သုံးစွဲသူ ပြည်သူများလည်းပါဝင်ရန်လို အပ်ကြောင်း ဘဏ်လုပ်ငန်းရှင် များကအကြံပြုသည်။
ကျပ်တစ်သောင်းတန်ကဲ့သို့ တန်ဖိုးကြီးငွေစက္ကူအတုနှင့် အ စစ်ကို ခွဲခြားရန်အလွယ်ကူဆုံးအ ချက်မှာ အဖြူကွက်တွင်ပါဝင် သောရေစာနှင့်ငွေမင်ကြိုးတို့သည် အတုပြုရန်မလွယ်ကူသဖြင့် ၎င်းတို့ကို သေချာကြည့်ရှု လေ့လာ သင့်ကြောင်း ဦးသန်းလွင်ကပြော သည်။ကျပ်တစ်သောင်းတန်ငွေ စက္ကူကို ၂၀၁၂ဇွန်လတွင်စတင် ထုတ်ဝေပြီး နောက်တစ်နှစ်ကျော် အကြာ၌ အတုများထွက်ပေါ် လာခြင်းဖြစ်သည်။ ယခင်က ငါး ထောင်ကျပ်တန်အတုများသာ ထွက်ပေါ်ခဲ့သော်လည်း ပုံစံပြောင်းလဲပြီးနောက်တွင် ကျပ် တစ်သောင်းတန်များကို ပိုမိုအတု ထုတ်လာခြင်းဖြစ်သည်။
ကျပ်တစ်သောင်းတန်ငွေ စက္ကူအတုထုတ်လုပ်မှုနှင့် ပတ် သက်၍ မြန်မာနိုင်ငံဗဟိုဘဏ်က ယနေ့အထိ ကြေညာချက်များ မ ထုတ်ပြန်သေးသော်လည်း ကျပ်ငါးထောင်တန်ကိုအတုနှင့်အစစ် ခွဲခြားရန် လမ်းညွှန်ချက်များကို နိုင်ငံပိုင်သတင်းစာများ၌ ကြေ ညာပေးခဲ့သည်။
နိုင်ငံတစ်ခုတွင် အသုံးပြုနေ သော ငွေကြေးကိုအတုများပေါ များစွာ ပြုလုပ်ခြင်းဖြင့် တန်ဖိုးကျ ဆင်းအောင်ပြုလုပ်နိုင်ကြောင်းစီး ပွားရေးပညာရှင်အချို့က ပြော ကြားပြီး လူအများယုံကြည်မှုကင်း မဲ့ကာ နိုင်ငံခြားငွေကြေးများအ ပေါ် ပိုမိုယုံကြည်လာရန်ရည်ရွယ် ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ် သည်ဟု ၎င်းတို့ကပြောသည်။
From- 7Day Daily

မော်လိုက် ရာပြည့်အကြို မဂ္ဂဇင်း


အများ၏ပေါင်းစည်းအားဖြင့် မော်လိုက်မြို့ နှစ်(၁၀၀)ပြည့်အကြို မဂ္ဂဇင်း ထွက်ရှိလာပါပြီ။
မဂ္ဂဇင်းကို ၀ယ်ယူအားပေးမယ်ဆိုရင် တစ်အုပ်လျှင် ၂၅၀၀ကျပ်နှုန်းဖြင့် ၀ယ်ယူနိုင်ပါပြီ ............................
မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ - 09 402666810, 09400529529